သင်ဟာ
ဘယ်လိုအချစ်အမျိုးအစားကို
ရှာဖွေနေတာလဲ။

romantic card titleromantic card title

ကြည်နူးဖွယ်ချစ်ခြင်း

ယခုတွင် ယုံ​ကြည်​ခြင်း၊ မျှော်​လ​င့်​ခြင်း၊ ချစ်​ခြင်း၊ ဤ​သုံး​ပါး​တည်​လျက် ရှိ၏။ ဤ​သုံး​ပါး​တို့​တွင် ချစ်​ခြင်း မေ​တ္တာ​သည် အ​မြတ်​ဆုံး​ဖြစ်​သ​တည်း။(၁ ကော ၁၃:၁၃)

သင့်ဘဝမှာ အရေးပါဆုံး လူတစ်ဦးရှိပါသလား။ သူ့အနားမှာအမြဲရှိနေချင်ပြီး၊ သူ့အားမည်မျှချစ်ကြောင်း အမြဲပြသချင်နေတဲ့သူဟုတ်ပါသလား။ ကြည်နူးစရာကောင်းတဲ့အချစ်ဆိုတာတကယ်တော့ အံ့ဩဖွယ်ကောင်းတဲ့အရာတွေနဲ့ပြည့်နှက်နေပါတယ် - လက်ကိုင်ဆွဲခြင်း၊ တန်ဖိုးရှိတဲ့အချိန်ကိုအတူတူဖြတ်သန်းခြင်းနဲ့ အပြည့်အဝယုံကြည်ထိုက်ခြင်းတို့ ဖြစ်ပါတယ်။ ဒါမှမဟုတ် သင်ဟာ လက်ရှိမှာ ချစ်သူရည်းစား မရှိသေးတဲ့သူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကြည်နူးဖွယ်ကောင်းတဲ့အချစ်ကို တော့ မျှော်လင့်နေမိမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ်၊ သင်ဟာ နက်နက်ရှိုင်းရှိုင်းချစ်ဖို့နဲ့ အချစ်ခံရသူဖြစ်ဖို့ ဖန်ဆင်းခံထားတာပါ။ ကျွန်ုပ်တို့ရဲ့ နှလုံးသားဟာ အခြားသူများနှင့် ချစ်ခင်ရင်းနှီးမှုကို အလိုရှိပါတယ်။ သင့်ဘဝရဲ့အကြောင်းအရာအကြီးအသေးကိစ္စတွေကို သိရှိနားလည်ပေးမည့်သူတစ်ဦးဦးရှိဖို့ သင်ဆန္ဒရှိဖူးတယ်မဟုတ်လား။ သင့်အကြိုက်ဆုံးရုပ်ရှင် ဒါမှမဟုတ် သင်ဝမ်းနည်းချိန် စားတတ်တဲ့ အစားအစာကို သိပေးတတ်တဲ့သူတစ်ဦး ရှိစေချင်မှာပါ။ ကျွန်ုပ်တို့အားလုံးဟာ ချစ်ခင်ရင်းနှီးမှုရှိချင်ကြပြီး၊ သိသာမြင်သာအောင်နေချင်ကြတာပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီလိုဖြစ်အောင် ဖန်ဆင်းခြင်းခံခဲ့ရလို့ပါ။ 

ဤစကြဝဠာကို ဖန်ဆင်းခဲ့တဲ့ ဖန်ဆင်းရှင်ဟာ သင့်ကိုဖန်ဆင်းခဲ့သူဖြစ်ပြီး၊ သင်နှင့် နက်ရှိုင်းသည့်ချစ်ခင်ရင်းနှီးမှုရှိဖို့ လိုလားသူဖြစ်ပါတယ်။ အဲ့ဒီအကြောင်းတွေကို သင်မသိသေးပေမယ့် ဒါဟာ အမှန်တရားတွေပါ။ သမ္မာကျမ်းစာမှာ  ဘုရားသခင်ဟာ သတို့သားဖြစ်ပြီး သူ၏လူများ (ကျွန်ုပ်တို့)ဟာသူ့ရဲ့ သတို့သမီးတွေဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် သင့်နှလုံးသားကို ရင်ခုန်အောင် ကိုင်လှုပ်နိုင်စွမ်းရှိသည့် သူကိုသိဖို့အချိန်ပေးပြီး၊ သင့်အတွက် သူ့နှလုံးသားကိုပေးအပ်ဖို့ အမြဲအဆင်သင့်ရှိနေသည့်သူကိုသိရန် သင့်အချိန်တွေကို အသုံးပြုလိုက်ပါ။

သင်ဟာ ချစ်ခြင်းကိုခံစားသိမြင်ဖို့ရန် ဖန်ဆင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ သင့်မှာချစ်သူ (သို့) စိတ်ဝင်စားမိနေတဲ့သူရှိနေရင်၊ လေးနက်တဲ့ ချစ်ခင်ရင်းနှီးမှု ရရှိခံစားနိုင်ဖို့အရေးဟာ သင့်ရဲ့လက်တကမ်းမှာတင် ရှိတယ်ဆိုတာ မမေ့ပါနဲ့လား။

ဘုရားသခင်အကြောင်းနဲ့ သင့်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းမေ​တ္တာ အကြောင်းကို ပိုမိုလေ့လာလိုပါသလား။ 

ကျွန်ုပ်တို့နှင့်စကားပြောပါ။
friendship card titleromantic card title

သူငယ်ချင်းရင်းနှီးမှုများ

​အ​ပေါင်း​အ​ဖော်​များ​သော​သူ​သည် အ​ကျိုး​နည်း​ရှိ​တတ်၏။ မိတ်​ဆွေ​မူ​ကား၊ ညီ​အစ်​ကို​စွဲ​ကပ်​သည်​ထက် သာ၍ စွဲ​ကပ်​တတ်၏။(သု​တ္တံ​ကျမ်း ၁၈:၂၄)

သူငယ်ချင်းဆိုတာ ဝေါဟာရတစ်ခုသာဖြစ်တယ်။ သူတို့တွေဟာ သင့်ဘဝရဲ့ အပြောင်းအလဲနဲ့ အနိမ့်၊အမြင့်တွေမှာ အတူ လျှောက်လှမ်းနေကြတဲ့သူတွေဖြစ်ပါတယ်။ သူငယ်ချင်းတွေဆိုတာ သင်စိတ်ပျက်အားငယ်နေတဲ့အချိန် သင့်စကားတွေကို နားထောင်ပေးဖို့နားတစ်စုံ၊ ဝမ်းနည်းကြေကွဲပြီး ငိုချပစ်လိုက်ချင်တဲ့အခါမျိုးတွေမှာ မှီခိုဖို့ ပခုံးတစ်ဖက်နဲ့ အားနည်းနေတဲ့အချိန် ကမ်းလှမ်းတဲ့လက်တစ်စုံပဲဖြစ်ပါတယ်။  ဒါပေမယ့် အကောင်းဆုံးကတော့ သူငယ်ချင်းတွေဆိုတာ သင်နှင့်အတူပျော်ရွှင်ရယ်မောပြီး အောင်ပွဲခံကြတဲ့သူတွေပဲဖြစ်ပါတယ်။

လူဆိုတာ အချိန်နဲ့အမျှပြောင်းလဲနေတတ်ပြီး တစ်ခါတရံ သဘောထားကွဲလွဲမှုတွေကြောင့် ဝေးကွာသွားကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်များစွာ ကိုယ့်အနားမှာရှိနေကြတဲ့သူတွေလည်းရှိကြပြန်ပါတယ်။

ဘဝတစ်လျှောက်လုံးမှာ သူငယ်ချင်းချစ်ခင်ရင်းနှီးမှုရရှိခြင်းဟာ သဘာဝလိုဖြစ်နေပေမယ့်၊ အရင်းနှီးဆုံးသူငယ်ချင်းလို့ခေါ်ရမည့် သူတစ်ဦးကို လူတိုင်းလိုအပ်ပါတယ်။

ကျွန်ုပ်တို့အားလုံးဟာ တစ်သက်မှာတစ်ခါ ပြီးပြည့်စုံတဲ့သူငယ်ချင်းကောင်းတစ်ယောက် ရရှိဖို့ရန် အခွင့်အရေးရှိကြပါတယ်။ အဲဒီသူငယ်ချင်းက ဘယ်လိုသူငယ်ချင်းမျိုးလည်းဆိုရင်၊ ကျွန်ုပ်တို့အနားမှာ အနီးကပ်ရှိနေပေးပြီး စကားပြောဖော်အဖြစ်ရှိနေရုံသာမက ကျွန်ုပ်တို့ကို နက်နက်ရှိုင်းရှိုင်း ဂရုစိုက်ပေးမယ့်သူငယ်ချင်းမျိုးကို ဆိုလိုချင်တာဖြစ်ပါတယ်။

ဘုရားသခင်ကသင့်ကိုဖန်ဆင်းခဲ့တာပါ။ ကိုယ်တော်ဟာသင့်ကို သိနှင့်နေသူဖြစ်ပြီး သင့်ကို ချစ်သောသူပါ။ သူဟာသင့်အနားမှာရှိနေချင်သူပါ။ သင်ဟာလည်း ဘုရားသခင်ရဲ့ သူငယ်ချင်းဖြစ်နိုင်ပါတယ်။

ဘုရားသခင်အကြောင်းနဲ့ သင့်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ ချစ်ခြင်းမေ​တ္တာတရား အကြောင်းကို ပိုမိုလေ့လာချင်ပါသလား။

ကျွန်ုပ်တို့နှင့်စကားပြောပါ။
self love titleromantic card title

မိမိကိုယ်ကိုချစ်ခြင်း

ငါ့​ဝိ​ညာဉ်​ကို​အား​ဖြည့်၍၊ နာ​မ​တော်​အ​ဖို့​အ​လို​ငှာ တ​ရား​လမ်း​ထဲ၌ သွေး​ဆောင်​တော်​မူ၏။(ဆာလံ ၂၃ :၃)

သင်ဟာ ခန္ဓာကိုယ်တစ်ခုနှင့် စိတ်တစ်ခုပိုင်ဆိုင်ထားသူပါ။ သင့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်ကို မိမိကိုယ်ကိုစောင့်ရှောက်ဖို့ အသုံးပြုနေပါသလား။

မိမိကိုယ်ကို ချစ်တတ်ခြင်းဆိုတာဟာ သင့်ကိုယ်သင် သိမြင်တာ (သို့) မသိတာထက်ပိုပါတယ်။ မိမိကိုယ်ကိုချစ်တတ်ခြင်းဆိုတာ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း၊ ကိုယ့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးနေပြီး ဘယ်လို ကြိုတင်ကာကွယ်မူတွေ လုပ်နေသလဲ ဆိုတာတွေဖြစ်ပါတယ်။ ဒါ့အပြင် ပင်ပန်းလာတဲ့အခါ စိတ်ကိုဘယ်လိုဂရုစိုက်ရမလဲ (သို့) မကောင်းတဲ့အကျင့်ဆိုးတွေကို ဘယ်လိုဖြေရှငိးရမလဲ ဆိုတာလည်း ပါဝင်ပါတယ်။

ဒါတွေအားလုံးကို သင်လုပ်နေပေမယ့်လည်း သင့်ခံစားချက်က ကောင်းသင့်သလောက်မကောင်းနိုင်သေးလို့ သင်စိတ်ညစ်နေနိုင်ပါတယ်။ အဲလိုဖြစ်နေတယ်ဆိုရင်၊ သင့်မှာ ခန္ဓာကိုယ်နဲ့ စိတ်တစ်ခုပဲရှိတာမဟုတ်ဘူး၊  ဝိညာဉ်လည်းရှိတယ်ဆိုတာ နားလည်ဖို့ အရေးကြီးပါတယ်။

ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးပါးက သင်အသက်ရှင်နေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ ဘယ်အစိတ်အပိုင်းကမှ မတော်တဆဖြစ်လာတာမဟုတ်ပါဘူး၊ ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းခဲ့တာပါ။
ခန္ဓာကိုယ်နဲ့ စိတ်ကို ဂရုစိုက်ဖို့အတွက်က ထင်သာမြင်သာရှိပြီး ရိုးရှင်းလှပါတယ်။ အဲဒီ အရာတွေကတော့ အချိန်မှန်မှန်အာဟာရပြည့်စွာ စားသောက်ခြင်းနှင့် အိပ်ရေးဝဝအိပ်စက်အနားယူခြင်းတို့ဖြစ်ပါတယ်။ ဒါပေမယ့် မိမိဝိညာဉ်ကိုဘယ်လိုမျိုး ဂရုစိုက်ရမလဲ။

မိမိဝိညာဉ်ကို ဂရုစိုက်ဖို့ရန် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ကို ဖန်ဆင်းတဲ့သူကိုသိရှိခြင်းပဲဖြစ်ပါတယ်။ သူကတော့ ဘုရားသခင်ပဲဖြစ်ပါတယ်။ သူကသင့်ရဲ့အစိတ်အပိုင်းအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ချစ်မြတ်နိုးစွာ ဖန်ဆင်းခဲ့တဲ့သူပါ။
ဘုရားသခင်အကြောင်းနဲ့ သင့်အပေါ်မှာထားရှိတဲ့ သူ့ချစ်ခြင်းမေ​တ္တာ အကြောင်းတွေကို ပိုမိုလေ့လာလိုပါသလား။

ကျွန်ုပ်တို့နှင့်စကားပြောပါ။
situationship card titleromantic card title

ရေရေရာရာမဖော်ပြသောဆက်ဆံရေး

မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသောအပြစ်တို့ကို ဖုံးအုပ်တတ်၏။ သုတ္တံကျမ်း ၁၀:၁၂။

အခုခေတ်မှာ ရင်းနှီးဆက်ဆံမှုတွေဟာ တကယ်ကို  အလိမ်အညာတွေနဲ့ ရှုပ်ထွေးနေတတ်ပါတယ်။ လူတစ်ယောက်ကို ကုန်စုံဆိုင်တွေမှာ လူချင်းတွေ့တာထက်၊ ဖုန်းကနေတစ်ဆင့် လွယ်လွယ်ကူကူနဲ့ တွေ့ဆုံ ရင်းနှီးနိုင်တဲ့ ခေတ်ကိုရောက်နေပါပြီ။ ဖုန်းကနေတဆင့် သင်ကြိုက်တဲ့သူနဲ့ နောက်ဆုံးတွေ့ခဲ့ရင် သူ့ကိုဘယ်လိုစခေါ်မလဲ။ ချစ်ခင်ရင်းနှီးတဲ့ဆက်ဆံရေးဆိုတာ ကတိဝတ်ရှိခြင်းကိုဆိုလိုတာဖြစ်လို့ အခုခေတ် ဆက်ဆံရေးအများစုက ရေရေရာရာမဖော်ပြနိုင်တဲ့ဆက်ဆံရေးတွေဖြစ်လာနေပြီလား။

သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို တရားဝင်ကတိဝတ်ပြု အပ်နှံလိုစိတ်ရှိ၊ မရှိ ဆုံဖြတ်ဖို့ အချိန်ယူခြင်းဟာ အမှားတော့မဟုတ်ပါဘူး။ ဒါဟာအရေးကြီးတဲ့ ဆုံးဖြတ်ချက်ပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ဒီထက်မက ပိုပြီးတောင်းတနေမိခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ အဲ့အရာက  အပိုအလိုဇာတ်တွေသိပ်မခင်းပဲ၊ တည်ငြိမ်တဲ့ဆက်ဆံရေးမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

ပြီးပြည့်စုံတဲ့ ချစ်ခြင်းမေတ္တာ တကယ်ရှိတယ်ဆိုတာ သင်သိပါသလား။ အဲဒီချစ်ခြင်းမေတ္တာမှာ ကြင်နာတတ်ခြင်း၊ စိတ်ရှည်ခြင်း၊ မနာလိုစိတ်မရှိခြင်း၊ မာန်မာနမရှိခြင်းနှင့် မရိုင်းစိုင်းခြင်းတွေရှိတယ် မဟုတ်လား။ ဒီလိုချစ်ခြင်းမျိုးဟာ အမြဲတမ်းကာကွယ်ပေးတတ်ခြင်း၊ ယုံကြည်ပေးခြင်း၊ မျှော်လင့်ခြင်းနှင့် ဇွဲလုံ့လရှိခြင်းတွေရှိတယ်။ အံဩစရာကောင်းလိုက်တာနော်။ ဒီလိုချစ်ခြင်းမျိုးကို ဘယ်လိုလုပ်ပြီးသင်ရှာတွေ့နိုင်မလဲ။ မေးကြည့်ပါ။

အဲဒီချစ်ခြင်းမေတ္တာမျိုးဟာ ဘုရားသခင်ရဲ့ချစ်ခြင်းဖြစ်ပြီး၊ အရာအားလုံး ပြီးပြည့်စုံတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ သင့်ကိုချစ်နေပါတယ်။

သင်အလေးထားတဲ့သူက ဒီလိုချစ်ခြင်းမျိုးနဲ့ သင့်ကိုချစ်နေသလားဆိုတာ စဉ်းစားပြီး သင်စိတ်ညစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် သင်က အသစ်အဆန်းတစ်ခုခုကို ရှာနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါဆိုရင်သင်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။ ဘုရားသခင်ကို သာမျှော်ကြည့်လိုက်ပါ။  သင်လိုအပ်သမျှအရာအားလုံး သူ့မှာရှိနေပြီး၊ သူဘယ်မှာရှိနေမလဲဆိုတာကို ဘယ်တော့မှ တွေးပူနေစရာမလိုတော့ပါဘူး။

ဘုရားသခင်အကြောင်းနှင့် သင့်အပေါ်မှာထားရှိတဲ့ သူ့ရဲ့ ချစ်ခြင်းမေ​တ္တာ အကြောင်းတွကို ပိုမိုလေ့လာလိုပါသလား။

ကျွန်ုပ်တို့နှင့်စကားပြောပါ။